ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:16
သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။
Common Language Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1
Cross References
Deuteronomy 8:17ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
Isaiah 37:24သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
Ezekiel 29:3အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
Daniel 5:23ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-