ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:5
ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။-
Common Language Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1
Cross References
Deuteronomy 4:27ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
Isaiah 29:9သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။-
Jeremiah 5:12ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
Jeremiah 18:18ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
Lamentations 4:12အရပ်တကာရှိလူတို့သည်လည်းကောင်း လူမျိုးခြားတို့၏ဘုရင်များသည်လည်းကောင်း အဘယ်ရန်သူမျှယေရုရှလင် မြို့တံခါးများကိုချင်းနင်းဝင်ရောက်နိုင်လိမ့် မည်ဟု မယုံကြ။
Daniel 9:12ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-