ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:7
လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
Common Language Bible
In The King James Version
They are terrible and dreadful: their judgment and their dignity shall proceed of themselves.
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1
Cross References
Deuteronomy 5:27ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
Isaiah 18:7နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။
Jeremiah 39:5သို့ရာတွင်ဗာဗုလုန်တပ်မတော်သည် သူ တို့အားလိုက်လံဖမ်းဆီးရာယေရိခေါ လွင်ပြင်အနီးတွင်ဇေဒကိကိုရမိကြ၏။ ထိုနောက်သူ့ကိုဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့ သို့ခေါ်ဆောင်သွားကြ၏။ ထိုမြို့တွင်နေဗု ခဒ်နေဇာသည်ဇေဒကိအပေါ်၌စီရင် ချက်ချတော်မူ၏။-
Jeremiah 52:25သူသည်ယုဒတပ်မှူးဟောင်းတစ်ဦး၊ မြို့တွင်း ၌ကျန်ရှိနေသေးသောဘုရင်အတိုင်ပင်ခံ အမတ်ခုနစ်ဦး၊ တပ်မတော်မှတ်တမ်းထိန်း သည့်လက်ထောက်တပ်မှူးနှင့်အခြားအရေး ပါအရာရောက်သူလူခြောက်ဆယ်တို့ကို လည်းယေရုရှလင်မြို့မှခေါ်ဆောင်သွား လေသည်။-