ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:17
သင်တို့သည်လေဗနုန်သစ်တောများကိုခုတ်% လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင်% ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင်% တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ်% ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ% သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ% ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ% သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ% ပေါ်ရှိလူများမြို့များကိုအကြမ်းဖက်% ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု% အရာများဖြစ်ပျက်လာလိမ့်မည်။ %
Common Language Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 2
Cross References
Psalms 55:23သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
Proverbs 28:17လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
Jeremiah 50:33အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဣသ ရေလနှင့်ယုဒပြည်သားတို့သည်ညှင်းပန်း နှိပ်စက်ခြင်းကိုခံရကြ၏။ ဖမ်းဆီးသိမ်းယူ သွားသူများသည်သူတို့အားကြပ်တည်းစွာ အစောင့်ချ၍ထားကြ၏။ သူတို့ကိုထွက်ခွာ သွားခွင့်မပြုကြ။-
Jeremiah 51:34ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။ သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။ သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။
Habakkuk 2:8သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ %
Revelation 18:20ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။