The Bible Software
bible.software › ဟဂ္ဂဲအနာဂတ္တိကျမ်း › ဟဂ္ဂဲအနာဂတ္တိကျမ်း 2 › ဟဂ္ဂဲအနာဂတ္တိကျမ်း 2:3

ဟဂ္ဂဲအနာဂတ္တိကျမ်း 2:3

``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

Common Language Bible

In The King James Version

Who is left among you that saw this house in her first glory? and how do ye see it now? is it not in your eyes in comparison of it as nothing?

In Context

2ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊-

4သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2

Cross References

1 Chronicles 22:5ဒါ​ဝိဒ်​သည်``ငါ​၏​သား​ရှော​လ​မုန်​တည်​ဆောက် မည့်​ဗိ​မာန်​တော်​သည်​ခမ်း​နား​ထည်​ဝါ​၍ ကမ္ဘာ ပေါ်​တွင်​ထင်​ပေါ်​ကျော်​ကြား​ရ​ပေ​မည်။ သို့ ရာ​တွင်​ရှော​လ​မုန်​သည်​အ​သက်​အ​ရွယ် ငယ်​၍​အ​တွေ့​အ​ကြုံ​နည်း​ပါး​သေး​သူ ဖြစ်​သ​ဖြင့် ငါ​သည်​ဗိ​မာန်​တော်​အ​တွက် ပြင်​ဆင်​မှု​များ​ကို​ပြု​လုပ်​ပေး​မည်'' ဟု တွေး​တော​ဆင်​ခြင်​ကာ မ​ကွယ်​လွန်​မီ​ဗိ​မာန် တော်​တည်​ဆောက်​ရန်​ပစ္စည်း​အ​မြောက် အ​မြား​ကို​အ​သင့်​စု​ဆောင်း​လေ​သည်။

Ezra 3:12ဗိ​မာန်​တော်​ဟောင်း​ကို​မြင်​ဖူး​သော​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​သား​ချင်း​စု​ဦး​စီး​အ​မြောက်​အ​မြား​တို့​သည် ဤ​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​သည်​ကို​မြင်​သော် အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သို့​ရာ​တွင်​အ​ခြား​သူ​တို့ က​မူ​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လေ​သည်။-

Ezekiel 7:20အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။

Zechariah 4:9ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။-

Luke 21:5တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟဂ္ဂဲအနာဂတ္တိကျမ်း 2:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟဂ္ဂဲအနာဂတ္တိကျမ်း 2:2ဟဂ္ဂဲအနာဂတ္တိကျမ်း 2ဟဂ္ဂဲအနာဂတ္တိကျမ်း 2:4 →