The Bible Software
bible.software › ဟေဗြဲဩဝါဒစာ › ဟေဗြဲဩဝါဒစာ 1 › ဟေဗြဲဩဝါဒစာ 1:10

ဟေဗြဲဩဝါဒစာ 1:10

ထို​နောက်​ကိုယ်​တော်​က၊ ``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

Common Language Bible

In The King James Version

And, Thou, Lord, in the beginning hast laid the foundation of the earth; and the heavens are the works of thine hands:

In Context

9ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။-

11ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။

Read all of ဟေဗြဲဩဝါဒစာ 1

Cross References

Deuteronomy 4:19မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သော​နေ၊ လ​နှင့် ကြယ်​နက္ခတ်​စ​သည်​များ​ကို​လည်း​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​အား ထို အ​ရာ​များ​ကို​ကိုး​ကွယ်​ခွင့်​ပေး​တော်​မူ​၏။-

Psalms 19:1မိုး​ကောင်း​ကင်​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင်​စေ​၍ ကိုယ်​တော်​၏ လက်​ရာ​တော်​တို့​ကို​ထင်​ရှား​စွာ​ဖော်​ပြ​၏။

Proverbs 8:29သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊

Isaiah 48:13ငါ​၏​လက်​တော်​သည်​ကမ္ဘာ​မြေ​ကြီး အုတ်​မြစ်​များ​ကို​ချ​၍၊ မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​ခဲ့​၏။ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​ကို ဆင့်​ခေါ်​သော​အ​ခါ၊သူ​တို့​သည်​ချက်​ချင်း ပေါ်​ပေါက်​လာ​ကြ​ပါ​သည်​တ​ကား။

Isaiah 64:8သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-

Zechariah 12:1ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဟေဗြဲဩဝါဒစာ 1:10

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဟေဗြဲဩဝါဒစာ 1:9ဟေဗြဲဩဝါဒစာ 1ဟေဗြဲဩဝါဒစာ 1:11 →