ဟေဗြဲဩဝါဒစာ 10:14
ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
Common Language Bible
In The King James Version
For by one offering he hath perfected for ever them that are sanctified.
In Context
Cross References
Acts 26:13မွန်းတည့်ချိန်၌ကောင်းကင်မှနေရောင်ထက် ပင် ထွန်းလင်းတောက်ပသည့်အလင်းရောင်ကို အကျွန်ုပ်မြင်ရပါ၏။-
1 Corinthians 1:2ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။
Hebrews 2:11သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။-
Hebrews 7:19မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
Hebrews 9:10ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
Hebrews 10:1ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-