ဟေဗြဲဩဝါဒစာ 10:3
ယခုမှာနွားသွေး၊ ဆိတ်သွေးတို့သည်အဘယ် အခါ၌မျှ အပြစ်ဒုစရိုက်များကိုဖယ်ရှား ၍မပေးနိုင်သဖြင့် ယင်းသို့ယဇ်ပူဇော်ခြင်း သည်လူတို့အားနှစ်စဉ်နှစ်တိုင်း မိမိတို့၏ အပြစ်များကိုသာလျှင်သတိရစေသည်။
Common Language Bible
In The King James Version
But in those sacrifices there is a remembrance again made of sins every year.
In Context
Cross References
Leviticus 16:6သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
Leviticus 16:29သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
1 Kings 17:18မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
Hebrews 9:7သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-