ဟေဗြဲဩဝါဒစာ 10:34
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Ecclesiastes 3:6ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
Matthew 6:19``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
Luke 10:42သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
Acts 5:41တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
Acts 28:20သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
Ephesians 3:1ဤအကြောင်းကြောင့်ခရစ်တော်ယေရှု၏ အကျဉ်းသားဖြစ်သူငါပေါလုသည်သင်တို့ လူမျိုးခြားများ၏အတွက် ဘုရားသခင်ထံ တော်သို့ဆုတောင်းပတ္ထနာပြု၏။-