ဟေဗြဲဩဝါဒစာ 10:9
ထိုနောက်``အို ဘုရားသခင်၊ အကျွန်ုပ်သည်အလို တော်ကိုဆောင်ရွက်ရန်ရောက်ရှိလာပါပြီ'' ဟု လျှောက်ထား၏။ ထိုကြောင့်ဘုရားသခင်သည် ယခင်တင်လှူပူဇော်မှုအပေါင်းကိုပယ်ဖျက်၍ ခရစ်တော်၏တင်လှူပူဇော်မှုဖြင့်အစားထိုး တော်မူသည်။-
Common Language Bible
In The King James Version
In Context
Cross References
Hebrews 8:7အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။-
Hebrews 10:7သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊ `အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကို ဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏'' ဟုလျှောက်ထားတော်မူလေသည်။-