ဟေဗြဲဩဝါဒစာ 12:11
ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 89:32ငါသည်သူတို့ပြုသည့်ဒုစရိုက်များအတွက် အပြစ်ပေးမည်။ သူတို့၏အမှားများအတွက်ဒဏ်ခတ်မည်။
Psalms 119:165ကိုယ်တော်ရှင်၏တရားတော်ကိုနှစ်သက် မြတ်နိုးသူမားသည် ကြီးစွာသောစိတ်ခမ်းသာမှုကိုရရှိကြပါ၏။ အဘယ်အရာမှသူတို့အားပြိုလဲစေနိုင်လိမ့်မည် မဟုတ်ပါ။
Proverbs 19:18မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။
Romans 5:3ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
2 Corinthians 4:17ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။-
1 Timothy 4:7တရားမဲ့ဖြစ်၍ပြောကြားရန်ပင်မသင့်လျော် သည့်ဒဏ္ဍာရီများကိုရှောင်လော့။ ဘုရားဝတ်၌ မွေ့လျော်တတ်ရန်မိမိကိုယ်ကိုလေ့ကျင့်ပေး လော့။-