ဟေဗြဲဩဝါဒစာ 12:18
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:12သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
Deuteronomy 5:22``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
Romans 8:15ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
2 Timothy 1:7ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။