ဟေဗြဲဩဝါဒစာ 12:26
ထိုစဉ်အခါကကိုယ်တော်၏အသံတော် သည်ကမ္ဘာမြေကြီးကိုတုန်လှုပ်စေတော်မူ၏။ ကိုယ်တော်က``ငါသည်နောက်တစ်ကြိမ်ကမ္ဘာ မြေကြီးကိုသာမကကောင်းကင်ကိုလည်း တုန်လှုပ်စေဦးမည်'' ဟုကတိထားတော် မူလေပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 114:6တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။
Isaiah 13:13အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
Haggai 2:22တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-