ဟေဗြဲဩဝါဒစာ 13:14
အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
Common Language Bible
In The King James Version
For here have we no continuing city, but we seek one to come.
In Context
Cross References
1 Corinthians 7:29ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
Ephesians 2:19သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-
Colossians 3:1သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။-
Hebrews 11:9ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-
Hebrews 12:22သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
2 Peter 3:13သို့ရာတွင်ငါတို့သည်ဘုရားသခင်ကတိ ထားတော်မူသည့်ဖြောင့်မတ်ခြင်းတရား တည်ရာမိုးကောင်းကင်သစ်နှင့်မြေကြီး သစ်ကိုစောင့်မျှော်လျက်နေကြ၏။