ဟေဗြဲဩဝါဒစာ 2:17
ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 6:30သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။
2 Chronicles 29:24ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
Ezekiel 45:20မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
Romans 5:10ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
2 Corinthians 5:18ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-