ဟေဗြဲဩဝါဒစာ 3:14
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Romans 11:17လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
1 Corinthians 9:23သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
Ephesians 3:6ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။
Hebrews 3:1ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
Hebrews 6:4မိမိဘာသာတရားကိုစွန့်သူတို့အားနောက် တစ်ဖန်အဘယ်သို့လျှင်နောင်တရစေနိုင်မည် နည်း။ အခါတစ်ပါးကထိုသူတို့သည်ဘုရား သခင်၏အလင်းတွင်ကျင်လည်၍ ကောင်းကင် ဆုကျေးဇူးကိုမြည်းစမ်းရပြီးလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူခဲ့ကြဖူးလေပြီ။-
Hebrews 12:10ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။-