ဟေဗြဲဩဝါဒစာ 3:16
ဘုရားသခင်၏အသံတော်ကိုကြားကြပြီး မှ ကိုယ်တော်ကိုပုန်ကန်ကြသူများကားအဘယ် သူတို့နည်း။ ထိုသူတို့ကားအီဂျစ်ပြည်မှ မောရှေ ထုတ်ဆောင်လာသောသူအပေါင်းတို့ဖြစ်ပေ သည်။-
Common Language Bible
In The King James Version
For some, when they had heard, did provoke: howbeit not all that came out of Egypt by Moses.
In Context
Cross References
Numbers 14:2သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
Numbers 14:24သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
Numbers 14:38စုံစမ်းထောက်လှမ်းသူတစ်ဆယ့်နှစ်ဦးအနက် ယောရှုနှင့်ကာလက်သာလျှင်အသက်ချမ်း သာရာရလေသည်။
Deuteronomy 1:35ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
Joshua 14:7ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။-
Romans 11:4သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။-