ဟေဗြဲဩဝါဒစာ 3:18
``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။-
Common Language Bible
In The King James Version
And to whom sware he that they should not enter into his rest, but to them that believed not?
In Context
19သို့ဖြစ်၍သူတို့သည်မယုံကြည်သော ကြောင့် ပြည်တော်သို့မဝင်နိုင်သည်ကိုငါ တို့သိကြ၏။
Cross References
Numbers 14:11ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Numbers 14:30သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
Deuteronomy 1:26``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
Deuteronomy 9:23ထာဝရဘုရားပေးတော်မူသောပြည်ကို သွားရောက်သိမ်းယူရန် သင်တို့အားကာဒေရှ ဗာနာအရပ်မှစေလွှတ်သောအခါ သင်တို့ သည်ပုန်ကန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ အမိန့်တော်ကိုနာမခံကြ။-
Hebrews 3:11ငါသည်အမျက်ထွက်သဖြင့်`သူတို့သည် အဘယ်အခါ၌မျှ ငြိမ်ဝပ်ရာချမ်းသာကိုခံစားရန်၊ြုပည်တော်သို့ ဝင်ကြရလိမ့်မည်မဟုတ်' ဟုငါကျိန်ဆိုခဲ့၏။''
Hebrews 4:6သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-