ဟေဗြဲဩဝါဒစာ 4:1
ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 2:30ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
Proverbs 28:14အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
Matthew 7:21``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
Matthew 24:48သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
Luke 13:25အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
Romans 3:23လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-