ဟေဗြဲဩဝါဒစာ 4:16
သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 16:2``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
Isaiah 27:11သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
Matthew 7:7``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
2 Corinthians 12:8ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။-
Ephesians 3:12ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းဖြင့်လည်းကောင်း ဘုရားသခင် ထံတော်သို့ရဲဝံ့ယုံကြည်စိတ်ချစွာချဉ်းကပ် ခွင့်ကိုရရှိကြ၏။-
Hebrews 7:19မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။