The Bible Software
bible.software › ဟေဗြဲဩဝါဒစာ › ဟေဗြဲဩဝါဒစာ 5 › ဟေဗြဲဩဝါဒစာ 5:4

ဟေဗြဲဩဝါဒစာ 5:4

အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ဖြင့်​မ​ခန့်​ထား​နိုင်။ ဘု​ရား​သ​ခင် သည်​အာ​ရုန်​အား ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏​ရွေး ကောက်​ခန့်​ထား​ခြင်း​ခံ​ရ​မှ​သာ​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​နိုင်​ပေ​သည်။

Common Language Bible

In The King James Version

And no man taketh this honour unto himself, but he that is called of God, as was Aaron.

In Context

3သူ​ကိုယ်​တိုင်​အား​နည်း​ချက်​ရှိ​သော​ကြောင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လူ​တို့​၏​အ​တွက် သာ​မ​က မိ​မိ​၏​အ​တွက်​လည်း​ဆက်​သ ရ​ပေ​သည်။-

5ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ဂုဏ်​ပုဒ်​ကို မိ​မိ​အ​လို အ​လျောက်​ခံ​ယူ​တော်​မူ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​က​ကိုယ်​တော်​အား၊ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​လျှင် ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​လည်း​ကောင်း၊

Read all of ဟေဗြဲဩဝါဒစာ 5

Cross References

Leviticus 8:2``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-

Numbers 16:5ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-

Numbers 16:10ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​တ​ကွ​အ​ခြား သော​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ဤ​အ​ခွင့် အ​ရေး​ကို​ပေး​ထား​ပါ​လျက်​နှင့်​ယ​ခု​သင် တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​တောင်း​ဆို လာ​ကြ​ပါ​သည်​တ​ကား။-

Numbers 16:40အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။

Numbers 17:3လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။-

Numbers 18:7သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဟေဗြဲဩဝါဒစာ 5:4

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဟေဗြဲဩဝါဒစာ 5:3ဟေဗြဲဩဝါဒစာ 5ဟေဗြဲဩဝါဒစာ 5:5 →