ဟေဗြဲဩဝါဒစာ 6:2
ငါတို့သည်ဗတ္တိဇံမင်္ဂလာ၊ သိက္ခာတင်မင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်တော်မူခြင်းအကြောင်းတို့ကို သင်တို့အားသင်ကြားပြီးဖြစ်သည်။-
Common Language Bible
In The King James Version
In Context
3ဘုရားသခင်ခွင့်ပြုတော်မူလျှင် ယခုငါ တို့သည်ရှေ့သို့တက်ကြကုန်စို့။
Cross References
Isaiah 26:19ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
Daniel 12:2သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
Matthew 20:22သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
Matthew 25:31``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
Mark 7:4စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
Mark 16:16ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-