ဟေဗြဲဩဝါဒစာ 6:8
သို့ရာတွင်အကယ်၍ထိုမြေဆီလွှာသည် ဆူး ပင်နှင့်ချုံနွယ်ပိတ်ပေါင်းတို့ကိုသာလျှင်ဖြစ် ထွန်းစေပါမူ လုံးဝတန်ဖိုးမရှိတော့ဘဲ ဘုရားသခင်၏ကျိန်စာသင့်၍မီးရှို့ ဖျက်ဆီးခြင်းကိုခံရပေအံ့။
Common Language Bible
In The King James Version
In Context
Cross References
Genesis 3:17ယောကျာ်းအားလည်း``ထိုအပင်၏အသီးကို မစားရဟု ငါပညတ်ထားသော်လည်း သင် ၏မယား၏စကားကိုနားထောင်၍စားလေ ပြီ။ သင်ထိုသို့ပြုခြင်းကြောင့်မြေသည်ကျိန် စာသင့်ရ၏။ သင်သည်မိမိဝမ်းစာအတွက် မြေမှသီးနှံထွက်စေရန် တစ်သက်လုံးပင်ပန်း စွာလုပ်ကိုင်ရမည်။-
Genesis 5:29``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
Deuteronomy 29:28ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။
Job 31:40စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။
Isaiah 5:1နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
Jeremiah 17:6ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့် တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။ သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''