ဟေဗြဲဩဝါဒစာ 7:11
ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-
Common Language Bible
In The King James Version
In Context
Cross References
Galatians 4:3ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
Colossians 2:10သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
Hebrews 5:10ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။
Hebrews 7:15မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။-
Hebrews 7:21သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။-
Hebrews 8:10နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။