The Bible Software
bible.software › ဟေဗြဲဩဝါဒစာ › ဟေဗြဲဩဝါဒစာ 7 › ဟေဗြဲဩဝါဒစာ 7:16

ဟေဗြဲဩဝါဒစာ 7:16

ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။-

Common Language Bible

In The King James Version

Who is made, not after the law of a carnal commandment, but after the power of an endless life.

In Context

15မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။-

17အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။-

Read all of ဟေဗြဲဩဝါဒစာ 7

Cross References

Galatians 4:3ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-

Colossians 2:14ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။-

Hebrews 7:3သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။

Hebrews 7:21သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။-

Hebrews 7:28မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။

Hebrews 10:1ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဟေဗြဲဩဝါဒစာ 7:16

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဟေဗြဲဩဝါဒစာ 7:15ဟေဗြဲဩဝါဒစာ 7ဟေဗြဲဩဝါဒစာ 7:17 →