ဟေဗြဲဩဝါဒစာ 7:25
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
Common Language Bible
In The King James Version
In Context
Cross References
Job 22:17ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
Psalms 68:31အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
Isaiah 45:24``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့် ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။ သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။
Isaiah 59:16အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
Jeremiah 3:22သစ္စာမရှိသူအပေါင်းတို့၊ပြန်လာကြလော့။ ကိုယ်တော်သည်သင်တို့ဖောက်ပြန်မှုကို ကုစားတော်မူမည် သင်တို့က``ဟုတ်ကဲ့ပါ။ ကိုယ်တော်သည်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသဖြင့် အထံတော်သို့အကျွန်ုပ်တို့လာပါ မည်။-
Daniel 3:17အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-