The Bible Software
bible.software › ဟေဗြဲဩဝါဒစာ › ဟေဗြဲဩဝါဒစာ 7 › ဟေဗြဲဩဝါဒစာ 7:6

ဟေဗြဲဩဝါဒစာ 7:6

မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-

Common Language Bible

In The King James Version

But he whose descent is not counted from them received tithes of Abraham, and blessed him that had the promises.

In Context

5လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။-

7သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-

Read all of ဟေဗြဲဩဝါဒစာ 7

Cross References

Genesis 12:13ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-

Genesis 14:19သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

Genesis 22:17သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

Romans 4:13ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

Galatians 3:16ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-

Hebrews 7:1ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဟေဗြဲဩဝါဒစာ 7:6

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဟေဗြဲဩဝါဒစာ 7:5ဟေဗြဲဩဝါဒစာ 7ဟေဗြဲဩဝါဒစာ 7:7 →