ဟေဗြဲဩဝါဒစာ 9:10
ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 30:19အာရုန်နှင့်သူ၏သားများသည်မိမိတို့၏ ခြေလက်များကို၊ ထိုအင်တုံရှိရေဖြင့်ဆေး ကြောရမည်။-
Leviticus 14:8ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
Leviticus 16:24သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
Leviticus 22:6ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
Deuteronomy 14:3``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။-