ဟောရှေအနာဂတ္တိကျမ်း 1:4
ထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 1
Cross References
Joshua 19:18ထိုနယ်မြေတွင်ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊-
2 Kings 10:1အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
2 Kings 10:10အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
2 Kings 10:17ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
2 Kings 15:10ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
2 Kings 17:6ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။