ဟောရှေအနာဂတ္တိကျမ်း 11:7
သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 11
Cross References
Psalms 78:57မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
Proverbs 14:14စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
Jeremiah 3:6ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
Jeremiah 7:25အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။-
Jeremiah 8:5ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
Hosea 4:16ဣသရေလပြည်သားတို့သည်ထိန်း ကျောင်းရခက်သောနွားမတမ်းကဲ့သို့ပေ ကပ်ကပ်နိုင်လှ၏။ ငါသည်သူတို့အား သိုးကလေးများသဖွယ်စားကျက်တွင် မည်ကဲ့သို့ထိန်းကျောင်းနိုင်ပါအံ့နည်း။-