ဟောရှေအနာဂတ္တိကျမ်း 11:9
ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 11
Cross References
Numbers 23:19ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
Deuteronomy 32:26ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။
2 Samuel 20:10အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-
Psalms 85:4ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
Isaiah 27:4စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-
Isaiah 55:8ထာဝရဘုရားက၊ ``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။ ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။