ဟောရှေအနာဂတ္တိကျမ်း 12:6
ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
Common Language Bible
In The King James Version
Therefore turn thou to thy God: keep mercy and judgment, and wait on thy God continually.
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 12
Cross References
Exodus 3:15တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
Psalms 37:7ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သော ဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
Psalms 130:5ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
Proverbs 21:3ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
Isaiah 8:17ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
Isaiah 31:6ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။-