ဟောရှေအနာဂတ္တိကျမ်း 12:7
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခါနာန်အမျိုးသားတို့ကဲ့သို့ပင် မရိုးသားကြချေ။ သူတို့သည်မမှန်သော အလေးချိန်ခွင်ဖြင့်ဝယ်သူတို့အားရောင်း ချတတ်၏။-
Common Language Bible
In The King James Version
He is a merchant, the balances of deceit are in his hand: he loveth to oppress.
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 12
Cross References
Genesis 49:18``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
1 Samuel 12:3ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
Proverbs 16:11မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
Isaiah 56:1ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``ငါ သည်မကြာမီသူတို့ကိုကယ်တင်မည်။ သို့ဖြစ် ၍သင်တို့သည်ဖြောင့်မတ်မှန်ကန်ရာကိုပြုလုပ် ကြလော့။
Ezekiel 22:29ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
Joel 2:12ထာဝရဘုရားက``သို့ရာတွင်သင်တို့သည် ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။ အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။