ဟောရှေအနာဂတ္တိကျမ်း 13:16
ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
2 Kings 8:12ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။
2 Kings 17:6ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
2 Kings 19:9ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။-
Isaiah 7:8အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
Isaiah 13:16သူတို့သည်ခိုကိုးရာမဲ့ငေးလျက်ကြည့်နေ စဉ် သူတို့၏နို့စို့ကလေးများသည်ဆောင့်ဖွပ် ၍ အသတ်ခံရကြလိမ့်မည်။ သူတို့၏အိမ်များ မှာအလုအယက်ခံရ၍ သူတို့၏ဇနီးများ သည်မုဒိန်းအကျင့်ခံရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
Hosea 7:14သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-