ဟောရှေအနာဂတ္တိကျမ်း 2:10
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
2 Chronicles 24:7(ဖောက်ပြန်ဆိုးညစ်သည့်အမျိုးသမီး အာသလိ၏နောက်လိုက်တို့သည် ဗိမာန်တော် ကိုဖျက်ဆီးပြီးလျှင်အမြတ်တနိုးထားအပ် သည့်ပစ္စည်းအသုံးအဆောင်များကို ဗာလ ဘုရားအားဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုခဲ့ကြသတည်း။)
Proverbs 11:21လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
Jeremiah 13:22အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
Ezekiel 16:16သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။-
Ezekiel 16:36အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``သင်သည်ကာမရာဂကြီးလျက်အဝတ် များကိုချွတ်၍ ပြည့်တန်ဆာကဲ့သို့မိမိ ကိုယ်ကိုချစ်သူများသို့လည်းကောင်း၊ စက် ဆုပ်ဖွယ်ကောင်းသည့်ရုပ်တုများသို့လည်း ကောင်းပေးအပ်ကာ မိမိ၏သားသမီးများ အားရုပ်တုများကိုပူဇော်ရာယဇ်ကောင် များအဖြစ်ဖြင့်သတ်၏။-
Hosea 2:3ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-