ဟောရှေအနာဂတ္တိကျမ်း 2:12
သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Isaiah 5:5``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
Isaiah 29:17စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
Jeremiah 8:13``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
Jeremiah 26:18``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
Hosea 5:14ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
Hosea 13:8သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။