ဟောရှေအနာဂတ္တိကျမ်း 2:19
ဣသရေလ၊ငါသည်သင့်အားဇနီးအဖြစ် သိမ်းပိုက်မည်။ သင့်အပေါ်၌ငါ၏သစ္စာခိုင်မြဲမည်။ သင့်အားမေတ္တာကရုဏာထား၍တရားဝင် ဇနီးအဖြစ်ရာသက်ပန်သိမ်းပိုက်မည်။
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Psalms 85:10မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
Isaiah 45:23ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့် ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
Isaiah 54:8ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
Isaiah 62:3သင်သည်ထာဝရဘုရားအတွက် အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။
Jeremiah 4:2ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 32:38ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-