ဟောရှေအနာဂတ္တိကျမ်း 2:23
ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Deuteronomy 26:17ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။-
Psalms 68:31အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
Psalms 118:28ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
Isaiah 44:5``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 31:27``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
Ezekiel 36:29သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-