ဟောရှေအနာဂတ္တိကျမ်း 3:2
ထို့ကြောင့်ငါသည်ငွေသားတစ်ဆယ့်ငါးပြား နှင့်မုယောဆန်ခုနစ်တင်းပေး၍သူ့ကိုရွေး ယူသည်။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 3
Cross References
Genesis 31:41သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
Exodus 22:17အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
1 Samuel 18:25ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
Ezekiel 45:11``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။ တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။