ဟောရှေအနာဂတ္တိကျမ်း 4:14
သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Numbers 25:3ထိုအခါထာဝရဘုရားသည်အမျက်တော် ထွက်၍၊-
1 Kings 14:23သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
2 Kings 23:7ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
Isaiah 1:5သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
Isaiah 44:18ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
Daniel 12:10လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။