ဟောရှေအနာဂတ္တိကျမ်း 6:4
သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 6
Cross References
Judges 3:12ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
Psalms 106:12ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
Jeremiah 3:10ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
Jeremiah 5:7``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
Jeremiah 5:23သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
Jeremiah 34:15လွန်ခဲ့သည့်ရက်အနည်းငယ်ကသင်တို့သည် စိတ်သဘောပြောင်းလဲ၍ ငါနှစ်သက်သည့် အမှုကိုပြုခဲ့ကြ၏။ သင်တို့အားလုံးပင် မိမိတို့ဟေဗြဲအမျိုးသားအချင်းချင်း တို့အား လွတ်လပ်ခွင့်ပေးရန်သဘောတူညီ ချက်ဖြင့် ငါ့နာမဖြင့်တည်ဆောက်ထား သောဗိမာန်တော်အတွင်းငါ၏ရှေ့မှောက် ၌ပဋိညာဉ်ပြုခဲ့ကြ၏။-