ဟောရှေအနာဂတ္တိကျမ်း 9:1
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 9
Cross References
Isaiah 22:12ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
Jeremiah 2:20အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
Lamentations 4:21ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
Ezekiel 16:30အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။-
Ezekiel 20:32သင်တို့သည်အခြားနိုင်ငံများကဲ့သို့လည်း ကောင်း၊ တိုင်းတစ်ပါးတွင်နေထိုင်သူများကဲ့ သို့လည်းကောင်း၊ သစ်ပင်များ၊ ကျောက်တုံး များကိုဝတ်ပြုရှိခိုးကြမည်ဟုကြံစည် ဆုံးဖြတ်ထားကြ၏။ သို့ရာတွင်ယင်း အကြံမထမြောက်ရ။
Hosea 2:12သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-