ဟောရှေအနာဂတ္တိကျမ်း 9:8
ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 9
Cross References
1 Kings 17:1ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
1 Kings 18:19ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
1 Kings 22:6သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
1 Kings 22:22ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
2 Kings 2:14သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
2 Kings 3:15ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။ စောင်းသမားသည်စောင်းတီး၍နေစဉ် ဘုရားသခင် ၏တန်ခိုးတော်သည်ဧလိရှဲအပေါ်သို့သက်ရောက် လာ၏။-