Isaiah 1:29
သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ်များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်းရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 31:7သင်တို့အားလုံးပင်မိမိတို့သွန်းလုပ်ထား သောညစ်ညမ်းသည့်ရွှေ၊ ငွေရုပ်တုများကိုပစ် ထုတ်လိုက်မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
Isaiah 57:5မိမိတို့၏အထွဋ်အမြတ်သစ်ပင်များအောက် တွင် ကာမရာဂစပ်ယှက်ခြင်းအားဖြင့် မြေသြဇာ နတ်ဘုရားတို့ကိုကိုးကွယ်ကြ၏။ မိမိတို့၏ သားသမီးများကိုမြစ်ချောင်းဝှမ်းအနီးရှိ ကျောက်ဂူများတွင်ယဇ်ပူဇော်ကြ၏။-
Isaiah 66:17ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-
Jeremiah 3:6ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
Ezekiel 16:63သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
Hosea 4:13သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။-