Isaiah 1:3
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 32:28``ဣသရေလလူမျိုးသည်စဉ်းစားဉာဏ်မရှိ၊ အသိဉာဏ်ကင်းမဲ့ကြ၏။
Proverbs 6:6အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
Isaiah 5:12သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
Isaiah 42:20အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။
Jeremiah 4:22ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
Jeremiah 9:3သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။