Isaiah 10:1
သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:3အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
1 Kings 21:13မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
Psalms 58:2သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
Isaiah 3:11သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
Isaiah 5:11သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
Isaiah 5:20သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။