Isaiah 10:20
အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 19:31ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
2 Chronicles 28:20သို့ဖြစ်၍အာရှုရိဧကရဇ်မင်းတိဂလတ် ပိလေသာသည် အာခတ်အားအကူအညီ ပေးမည့်အစားဆန့်ကျင်ဘက်ပြု၍ဒုက္ခ ရောက်စေ၏။-
Isaiah 1:9အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
Isaiah 6:13အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
Isaiah 17:7ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။-
Isaiah 37:4အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။