Isaiah 10:27
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်သင်တို့အားအာရှုရိအမျိုးသား တို့၏လက်မှလွတ်မြောက်စေမည်။ သင်တို့ ၏ပခုံးပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်တော့ မည်မဟုတ်။ သင်တို့သည်အလွန်ဝဖြိုး လာသောကြောင့် သင်တို့၏ထမ်းပိုးများ ကျိုးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 7:35ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။-
2 Kings 18:13ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။-
Psalms 2:6ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
Psalms 45:7အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
Psalms 89:20ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
Psalms 132:10အို ထာဝရဘုရား၊ ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍ ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။