Isaiah 10:29
သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 18:25ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊-
Judges 19:12သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-
1 Samuel 7:17ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
1 Samuel 13:23ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။
1 Samuel 14:4မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။