Isaiah 10:33
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 32:21ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
Isaiah 2:11လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
Isaiah 2:13ကိုယ်တော်သည်လေဗနုန်တောင်မှအာရစ်ပင် မြင့်တို့နှင့် ဗာရှန်တောမှဝက်သစ်ချပင်များ ကိုချိုးချတော်မူလိမ့်မည်။-
Isaiah 18:5စပျစ်သီးများကိုမစုသိမ်းမီ၊ အပွင့်များ ကြွေ၍အသီးများမှည့်လာချိန်၌သူသည် ဋ္ဌားဖြင့် စပျစ်ခက်များကိုအလွယ်တကူ လှီးဖြတ်သကဲ့သို့ဆူဒန်အမျိုးသားတို့ အားသုတ်သင်ဖျက်ဆီးပစ်ကြလိမ့်မည်။-
Isaiah 37:24သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
Jeremiah 22:7ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။